သင်၏ ဝေဖန်၊အကြံပေးခြင်းသည် ကျွန်တော့်အတွက် တိုးတတ်မှုလမ်း(သို့) အောင်
မြင်မှုလမ်းလည်း ဖြစ်သလို သင်၏အဖိုးမဖြတ်နိုင်သော ကျေးဇူးလည်းဖြစ်၏။
အားလုံးကို ခင်မင်လေးစားစွာဖြင့်....ဆလိုင်း တီမော်သဲ စန်မ

Saturday, April 2, 2011

သတင်းများ


♥ ♥ ♥ Eastlife♥ ♥ ♥

 to maturamronglii, muithlahingna အဖွဲ့သူအဖွဲ့သားများ ဝေးမျှပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ အခုဖြစ်နေတဲ့ ကိစိဟာ ဘာကြောင့် ဒီလိုဖြစ်တာလဲ ဆိုတာ လူ
တော်တော်များများက စဉ်စားလို့မရကြဘူး။

မလေးရှားနဲ့ ထိုင်းနိုင်ငံကနေ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုဖို့နဲ့ ခိုလှုံခွင့် ရရှိဖို့ လျှောက်ထားသူ တွေရဲ့ အချက်အလက်တွေဟာ ကွဲလွဲမှုတွေ အများကြီးရှိနေတာကြောင့် ဒုက္ခသည် ပြဿနာဟာ ကသောင်းကနင်း ဖြစ်နေပြီးတော့ တတိယနိုင်ငံကို ထွက်ခွာမယ့် သူတွေကိုတောင် သူတို့တွေရဲ့ လုံခြုံမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေလည်းပဲ ပြန်လည် ဆန်းစစ်ဖို့ လိုအပ်နေပြီိလို့ အမေရိကန် ပြည်တွင်းလုံခြုံရေးဌာန (The US Department of Homeland Security) က ပြောကြား လိုက်ပါတယ်။
ဒါ့အပြင် အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း လေ့လာမှုတွေဟာ အောက်ခြေသိမ်းအဆင့်ထိ တောင် စုံစမ်း စစ်ဆေးဖို့ လိုအပ်နေပြီလို့လည်း ပြောဆိုလိုက်ပါတယ်။ ဒီလို ထွက်ခွာခွင့် ရုပ်သိမ်း မှုတွေဟာ ၀ါရှင်တန်ကို တိုက်ရိုက်လာတဲ့ နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ (IRC) နဲ့ နိုင်ငံတကာ ရွှေ့ပြောင်း အလုပ်သမားများ အဖွဲ့အစည်း (IOM) တို့က အရာရှိကြီးတွေတောင် မသိကြသေးဘဲ ဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေ ဘာတွေဖြစ်နေကြသလဲ၊ ဘာကြောင့်လဲ ဆိုတာကို သေသေချာချာ မရှင်းပြနိုင်သေးပါဘူး။
လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေက စပြီးတော့ မလေးရှားနိုင်ငံမှာရှိတဲ့ တတိယနိုင်ငံကို ထွက်ခွာကြ မယ့် ဒါဇင်ပေါင်းများစွာသော ဒုက္ခသည်တွေရဲ့ ထွက်ခွာမှုအတွက် ဖျက်သိမ်းမယ့် ကိစ္စနဲ့ ပတ်သက်လို့ ပြန်လည် စဉ်းစား ဆင်ခြင်မှုတွေကို စတင်လုပ်ဆောင်နေကြပါတယ်။ တချို့သော IOM ဌာနက အမည်မဖော်လိုတဲ့ ဝန်ထမ်းတစ်ဦးက သူတို့ဌာနမှာ ရှိနေကြတဲ့ ရုံးဝန်ထမ်း တွေဟာ ဒီကိစ္စကို အချိန်မှီ သတင်းပေးသင့်တယ်လို့လည်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ တနင်္လာနေ့ကလို (မတ်လ ၇ ရက်) မလေးရှား UNHCR ရုံးကနေ လေဆိပ်ကို သွားဖို့ ကားပေါ်ရောက်ပြီးမှ သူတို့ရဲ့ ထွက်ခွာမှုကို ရုပ်သိမ်းလိုက်တဲ့ ဒီလို အဖြစ်အပျက်မျိုး တစ်ခါမှ မဖြစ်ခဲ့သေးပါဘူး။ ဒါဟာ ၀ါရှင်တန်ကနေ သတင်းပေးပို့မှုတွေ နှောင့်နှေးကြန့်ကြာမှုကြောင့် ဖြစ်တယ်လို့ IOM ဌာနမှ သေချာစွာ ရှင်းလင်း ပြောကြားခဲ့ပါတယ်။
UNHCR- IRC ဌာနရဲ့ ခိုင်မာတဲ့ သတင်းထုတ်ပြန်ချက်အရ မလေးရှားနိုင်ငံက တတိယနိုင်ငံကို ထွက်ခွာဖို့ အတည်ပြုပြီးတဲ့ ဒုက္ခသည် ၇၅၀ ဦးတိတိဟာ အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးအရ ပြန်လည်ဆန်းစစ်သုံးသပ်ဖို့ ထပ်မံလိုအပ်နေတဲ့အတွက် ဖျက်သိမ်းခြင်းကို ခံလိုက်ရတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒါဟာ ပုံမှန်အနေအထားကို ပြန်ရောက်ဖို့ ဘယ်လောက် အချိန်ယူရမလဲ ဆိုတာ မသိရှိရသေးပါဘူး။ ထိုနည်းတူစွာပဲ ထိုင်းနိုင်ငံမှာ ရှိနေကြတဲ့ တတိယနိုင်ငံကို ထွက်ခွာဖို့ အတည်ပြုပြီးဖြစ်တဲ့ ဒုက္ခသည် ၈၅၀ ဦးတိတိဟာလည်း ခန့်မှန်းရခက်တဲ့ မသေမချာ မရေရာမှု တွေနဲ့ အတူ ဒီပြသနာကို ရင်ဆိုင်နေကြရပါတယ်။
အခုလို ထွက်ခွာခွင့် ရုပ်သိမ်းခံရတာဟာလည်း မြန်မာနိုင်ငံသား ဒုက္ခသည်တွေ သက်သက်ပါလို့ သိရှိရပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က ဖျက်သိမ်းခြင်း ခံလိုက်ရတဲ့ အထဲမှာ ပါတဲ့ တစ်ဦးက ခုလို ပြောပါတယ်။
“ဖျက်သိမ်းခံလိုက်ရတဲ့ အထဲမှာ ကျနော်တို့ အသုတ်က ဆယ့်နှစ်မှု ပါဝင်ပြီးတော့ ၁၅ မှုကတော့ လွတ်သွားပါတယ်။ လေဆိပ်ကိုသွားမယ့် ကားပေါ် ရောက်ပြီးမှ သူတို့ ထွက်ခွာမှုကို ဖျက်သိမ်း တယ်လို့ လာပြောတဲ့အတွက် ကျနော်တို့ဟာ အရမ်းတုန်လှုပ်သွားခဲ့ကြပါတယ်။ ခဏကြာတော့ IRC က အရာရှိကြီးတွေ ရောက်လာပြီး
“ ဒါဟာ မလေးရှားက ကျနော်တို့ လုပ်တာ မဟုတ်ပါဘူး။ ကျနော်တို့မှာ ဒီလိုမျိုး လုပ်ပိုင်ခွင့်လည်း မရှိပါဘူး။ ဒါပေမယ့် ၀ါရှင်တန်ကနေပြီးတော့ သူတို့ရဲ့ လုံခြုံရေးအရ ထပ်ပြီးတော့ ဆန်းစစ် သုံးသပ်ဖို့ အမိန့်ပေးလာတာကြောင့်ပါ”
လို့ ပြောခဲ့တယ်လို့ သူက တဆင့် ပြောပြခဲ့ပါတယ်။ အဲဒီအထဲက တချို့သော ဒုက္ခသည် မိသားစုတွေဟာ မလေးရှားမှာ ဆက်လက် နေထိုင်ဖို့အတွက် အရမ်းခက်ခဲနေပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ရဲ့ နေအိမ်တိုက်ခန်းတွေဟာ ပိုင်ရှင်တွေဆီ ပြန်အပ်ပြီးထားပါပြီ။ ပြီးတော့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း အခြားသော သူငယ်ချင်းတွေကို ရောင်းချထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
“အခု လက်ရှိ အချိန်မှာတော့ သူငယ်ချင်းတွေကလွဲပြီး မှီခိုနေထိုင်ဖို့ နည်းလမ်းက ရွေးချယ်စရာ နည်းလမ်း မရှိတော့ပါဘူး” လို့ ထွက်ခွာခွင့် ရုပ်သိမ်းခံရသူ တစ်ဦးဖြစ်တဲ့ Mr. Henry Sui Hmung က ပြောပါတယ်။ သူတို့တွေဟာ ခရီးသွားလာရေး စရိတ်အတွက် ငွေကြေး ထောက်ပံ့မှုတွေကို ရရှိဖို့ အတွက် တောင်းဆိုခဲ့တာကောင် မရရှိခဲ့ကြဘူး လို့ သိရှိရပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ ရုံးကနေပြီးတော့ ဒီကိစ္စတွေကို သက်ညှာစွာနဲ့ သူတို့နဲ့ ထိုက်တန်တဲ့ဟာ တခုခု ပြုလုပ်ပေးသင့်ပါတယ်။
သို့သော်ငြားလည်း သူတို့အတွက် ဆွေမျိုးတွေ၊ သူငယ်ချင်းတွေကို အိမ်ပြန်ဖို့အတွက် ဖုန်းခေါ် အကြောင်းကြားပေးဖို့ အတွက်လောက်သာ IOM ဌာနအနေနဲ့ အကူအညီပေးခဲ့တယ်လို့ သိရပါတယ်။ မလေးရှားမှာ ရောက်ရှိနေတဲ့ ဒုက္ခသည် တစ်ဦးချင်းစီအတွက် ဒီကိစ္စဟာ အလွန်ကြီးမားတဲ့ ပြဿနာ တရပ်ဖြစ်လာတယ်လို့ သိရှိရပါတယ်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes