“HAPPY THE WORLD MOTHERS DAY”
Mothersဆိုတဲ့ ဝေါရရဲ့ဆင်းသက်ပုံကို အမေများနဲ့သက်ဆိုင်ဖို့
အနီးစပ်ဆုံးနှင့် အသင့်တော်ဆုံး ဘာသာပြန်ထားပါသည်။
M- Motivate-အမေက သား၊မီးများကို နည်းလမ်းမှန်ကန်စွာ
ပြောဆို၊ဆုံးမ ဖို့လိုအပ်ပါတယ်။
O- Only- မွေးမေမေဟာ တစ်ယောက်ထဲပဲရှိပါတယ်။
T- Truelove- မှန်ကန်တဲ့ မေမေ့ရဲ့ ချစ်ခြင်းမေတ္တာ။
H- Hearty- အမေကို ကျန်းမာပျော်ရွှင်စွာထားနိုင်ဖို့ သား၊မီး
အယောက်စီတိုင်းရဲ့ ကြီးမားလှတဲ့ ၀တ္တရာဖြစ်တယ်။
E- Exception- မေမေကို ကယကံ၊၀စီိကံ၊မနော်ကံဖြစ် မပြစ်
မှားမိဖို့လိုအပ်တယ်။
R- Responsible- အမေဟာ သား၊မီးတိုင်းရဲ့ ယုံကြည်စိတ်ချ
အားကိုးရသော မိခင်ဖြစ်သင့်ပါတယ်။
The whole years good luck for your Mother’s!
All people take care your Mother’s.
“ကမ္ဘာပေါ်မှာ ဘယ်အရာနဲ့မှနိုင်းဆလို့မရတဲ့ အမေပါ” အမေများနေ့မှာ ကျနော့်ကို စိတ်ဆင်းရဲ၊ကိုယ်ဆင်းရဲ အမျိုးမျိုးခံပြီး (၉)လလွယ် (၁၀)လမှာ အမေကျနော့်ကို မွေးဖွားခဲ့
တယ်။ ဒါပေမဲ့ဗျာ…….. ကျနော့်အတွက် လောကကြီးကသိပ်ရက်စက်တယ်လို့ပြောရမှာ
လား ဒါမှမဟုတ် ကံကြမ္မာမကောင်းဘူးလို့ပဲပြောရမှာလား မသိတော့ပါဘူး……ကျနော် ငယ်
ငယ်လေး စကားမပြောတတ်တဲ့အချိန်မှာပဲ အဖေနှင့်အမေလမ်းခွဲခဲ့ကြလို့ အမေရဲ့နွေးထွေးတဲ့
ချစ်ခြင်းမေတ္တာလည်း မရခဲ့ပါဘူး…
ဒါပေမဲ့ ကံဆိုးမှုတွေထဲက ကံကောင်းတာတစ်ခုကတော့ ကျနော့်ကိုနွေးထွေးလုံခြုံတဲ့ ချစ်ခြင်းမေတ္တာတွေပေးတတ်တဲ့ အဘိုးနှင့်အဘွားရှိနေသေးလို့ပေါ့…ကျနော် အဘွားကိုပဲ
အစစအရာရာ အမေနေရာမှာထားပြီးအမေလိုပဲ ဆက်ဆံခဲ့ရတဲ့ဘ၀ပါ။ အမှန်တော့ အဘွားက
ကျနော့်ကို မွေးပဲမွေးစားခဲ့တာပါ။ ကျနော့်ကို အသက်နဲ့ရင်ပြီး မွေးဖွားခဲ့တဲ့ အမေကို ရင်ထဲက
နေလှိုက်လှိုက်လှဲလှဲ အမေလို့ခေါ်ပြီးတော့ ထာဝရမခွဲစတမ်း အမေနဲ့ပဲအတူတူချင်တဲ့ သား
လေးရဲ့ အလိုချင်ဆုံး၊ အလိုအပ်ဆုံးဆန္ဒကို မွေးမေမေသာ သိခဲ့မယ်ဆိုရင် ကျနော့်လောက် ဒီ
ကမ္ဘာပေါ်မှာ ပျော်ရွှင်မဲ့လူ ရှိလိမ့်မယ်မထင်ပါဘူး။.. ဒါပေမဲ့ ဖြစ်နိုင်တော့မယ်မထင်ပါဘူး ဘာ
ဖြစ်လို့လဲဆိုတော့ အခုတော့ အမေနဲ့သား ကမ္ဘာတစ်ဘယ်မှာရှိကြပြီလေ… ဒီလောကကြီးမှာ ပြန်မဆုံဖြစ်ရင်တောင်မှ ကောင်ကင်းမှာတော့ ပြန်ဆုံဆည်းခွင့်ပေးပြီး အတူတူနေခွင့်ပေးတော်
မူပါ ဘုရားသခင်ရယ်….သားလေးဆုတောင်းပါ၏။ ကျနော့်ကိုမွေးခဲ့တဲ့ အမေကို ရင်ထဲကခံစား
ချက်နဲ့အညီ အမြဲတမ်း သတိရပြီး အမေနဲ့စကားတွေပြောချင်တယ်ပြီးတော့ အမေနဲ့အတူတူ
နေချင်တယ်။ အမေကတော့ ဘယ်လိုလဲခံစားလည်းတော့ မသိပါဘူး။။။ သားကိုတောင် အခု
ချိန်ထိ ဖုန်းလေးနဲ့တောင်မှ စကားပြောခွင့်မပေးချင်တာလား ဒါမှမဟုတ် စကားမပြောချင်တာ
လား……သားနားမလည်နိုင်တော့ပါဘူး အမေရယ်။ လောကကြီးမှာ အသက်ရှင်လျှက်ရှိနေတဲ့ အမေကို သားအမေလို့ ခေါ်ခွင့်မရသည့်အပြင် စကားပြောခွင့်မရှိတော့ဘူးလား….အမေ..
သား အမေ့အပေါ်မှာ အမေခွင့်မလွှတ်နိုင်တဲ့ ဘာအပြစ်များလုပ်မိလို့လဲ……လောကကြီးက သားအတွက် သိပ်ကိုမတရားလွန်းဘူး……အရမ်းရက်စက်တာပဲ…
ကျနော့်အတွက် ပိုဆိုးတာတစ်ခုကတော့ သူငယ်ချင်းတွေ ကိုယ့်အမေကို “အမေ အမေ”လို့ခေါ်နေတဲ့ အချိန်မှာ ရင်ကွဲမတတ်ခံစားရတယ် ကျနော့်မှာလဲ ဒီလောကကြီးမှာ ခေါ်
စရာဆိုလို့ အမေရှိပါရက်သာနဲ့ အမေလို့မခေါ်ခဲ့ရဘူး……ပြောရမယ်ဆိုရင် ကျနော်ငယ်ငယ်
လေးကတည်းကနေ ခံစားချက်နဲ့အတူကြီးပျင်းလာခဲ့တာပါ။
ကမ္ဘာပေါ်မှာ လူသားတိုင်း အမေနဲ့မကွဲ မကွာ၊ အမေရဲ့ နွေးထွေးလုံခြုံတဲ့ ချစ်ခြင်း
မေတ္တာရကြပါစေလို့……………….
ကျနော်မျိုး ဘုရားသခင်ထံတော်ပါးမှာ ဆုတောင်းပေးလိုက်ပါ့မယ်………နော်…………
မွေးခဲ့တဲ့ အမေကို သိပ်ချစ်ပြီး အစဉ်အမြဲတမ်း
0 comments:
Post a Comment