သင်၏ ဝေဖန်၊အကြံပေးခြင်းသည် ကျွန်တော့်အတွက် တိုးတတ်မှုလမ်း(သို့) အောင်
မြင်မှုလမ်းလည်း ဖြစ်သလို သင်၏အဖိုးမဖြတ်နိုင်သော ကျေးဇူးလည်းဖြစ်၏။
အားလုံးကို ခင်မင်လေးစားစွာဖြင့်....ဆလိုင်း တီမော်သဲ စန်မ

Tuesday, April 26, 2011


စာမရေးဖြစ်တာလည်း တော်တော်လေးကြာနေပြီးဆိုတော့ ဘာစာရေးရင်ကောင်မှာလဲ ဆိုတာ
တွေးကြည့်တော့ ဒီအတွေးကြီးထွက်လာတယ်ဗျာ………..
ကျေးဇူးတင်စကားပေါ့ ကျနော့်ရဲ့ဆိုဒ်မှာ ယောင်မှားလို့ရောက်လာတာပဲ ဖြစ်ဖြစ်၊ သိလို့ သမင်လာတာပဲဖြစ်ဖြစ် လာလည်တဲ့ လူတိုင်းကို ကျေးဇူးတင်တယ်ဆိုတဲ့ စကားထက်ပိုတဲ့ စကားရှိသေးရင် ပြောလိုက်ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ရောက်လာလို့ ကျနော့်ကို ဝေဖန်၊အကြံပေးလို့ တဖြည်းဖြည်းနဲ့ ဆိုဒ်က တိုးတက်လာသလို စိတ်ထဲမှာ ခံစားရလို့ အရမ်းပဲ ၀မ်းသာပိတိဖြစ်နေမိတယ်….ဘာပဲဖြစ်ဖြစ်
လေ စာဖတ်ပရိတ်သတ်များ ကျနော့်ရဲ့ဆိုဒ်မှာ ခင်ဗျားတို့ရဲ့ ဝေဖန်၊ အကြံပေးဖို့တော့ အမြဲ
လိုအပ်သလို ဖိတ်လည်း ဖိတ်ခေါ်ပါတယ်…ကျနော်မိတ်ဆွေတွေမေးချင်တာထက်
သိချင်တာကတော့ မိတ်ဆွေတွေ ကွန်ပျူတာကိုင်တဲ့ အချိန်တိုင်းမှာ ဘာတွေအမြဲလုပ်ဖြစ်သလဲ ဆိုတာ သိချင်တယ်။ ဘာဖြစ်လို့ ကျနော်ဒီလိုမေးရတာလဲဆိုတော့ ကျနော်နဲ့ထပ်တူ ကွန်ပျူတာ ၀ါသနာပါတဲ့ လူတွေ တွေ့ချင်ပြီး ဆွေးနွေးချင်လို့ပါ....ကွန်ပျူတာ ၀ါသနာရှင်များရှိခဲ့ရင် ကျနော်နဲ့ အတူပါဝင်ဆွေးနွေးကြရအောင်လို့....ဖိတ်ခေါ်ကြိုဆိုနေပါတယ်...
             
         အားလုံးကို ကျေးဇူးတင်လျှက်.......

      

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes