တစ်လှမ်းရှေ့တိုး
အောင်မြင်ကျော်ကြားမှုဆီသို့ သွားသော
လမ်းသည် အစဉ်ဖြောင့်ဖြူးသည်ဟူí မရှိ
နိုင်ချေ။ ကျွန်ပ်တို့လျှောက်လှမ်းရမည့်လမ်းကို
မဖြောင့်ဖြူး၊ မပြေလွင်ရပါမည်လောဟု
ညည်းညှုနေမည့်အစား တစ်လှမ်းရှေ့သို့ တိုးသွားပါက
အောင်မြင်ခြင်းဆီသို့ တစ်လှမ်း နီးကပ်သွားမည်သာ ဖြစ်လေသည်။
(ရေးသူ- ဆရာကြီး ဦးဖေတင်)
လူ့ဘ၀တွင် တိုးတက်မှုလမ်း သို့မဟုတ် အောင်မြင်မှုလမ်းသည်
အမြဲတမ်း ရှည်လျားသည်။ အမြဲတမ်း မတ် စောက်သည်။
အမြဲတမ်း ခတ်ခဲသည်။ ထိုလမ်းကို ကိုအတွက်သူ တစ်ပါးက
တက်ပေးíမရ၊ ကိုယ်တိုင်တက်မှ ကိုယ်တိုင်ရမည်။
စိတ်ရှည်မှု၊ အာရုံစူးစိတ်မှု၊ အားထုတ်မှုတို့သည်သာလျှင်
အောင်မြင်မှု ပေးစွမ်းနိုင်သည်။
လူတစ်ယောက်၏ အောင်မြင်မှု၊ ဆုံးရှံးမှုသည် ထိုသူ၏
စိတ်အာရုံ ကျက်စားမှုပေါ်တွင် အများကြီးမူတည်သည်။
လူတွေကို ကိုယ်ခိုင်းတာ လုပ်ချင်အောင်၊ လုပ်အောင် ကျွမ်းကျင်စွာ စေခိုင်းတတ်သော အရည်အချင်းသည် လူတစ်ယောက်၏ အဓိက အကျဆုံး အရည်
အရည်အချင်း ဖြစ်သည်။
(ရေးသူ-မောင်ပေါ်ထွန်း)
ကျော်ကြားလိုသူ၏ အရည်အချင်း(၄၆)မျိုး
အဲ့သည်အရည်အချင်း (၄၆)မျိုးဟာ ကျော်ကြားချင်သူတွေ အတွက် ရှိအောင်လုပ်ယူရမယ့် အရည်အချင်းများ ဖြစ်တယ်။
၁။ သေချာတိကျခြင်း
၂။ လိုက်လျောညီထွေကျင့်ခြင်း
၃။ စွန့်စားစိတ်ရှိခြင်း
၎။ နှစ်သက်ဖွယ်ဖြစ်ခြင်း
၅။ တိုးတက်ချင်စိတ်ရှိခြင်း
၆။ အကောင်းအမြတ်ကို သိမြင်ခြင်း
၇။ သတိရှိခြင်း
၈။ ကြည်လင်ရွှင်ပျခြင်း
၉။ သန့်ပြန့်စင်ကြယ်ခြင်း
၁၀။ စွဲညမြဲစူးစိုက်ခြင်း
၁၁။ ရောင့်ရဲတင်းတိမ်ခြင်း
၁၂။ ပူးပေါင်းဆောင်ရွက်ခြင်း
၁၃။ ရဲရင့်သတ္တိရှိခြင်း
၁၄။ ယဉ်ကျေးသိမ်မွေ့ခြင်း
၁၅။ သိချင်၊ တတ်ချင်စိတ်ရှိခြင်း
၁၆။ စိတ်ဆုံးဖြတ်ခြင်း
၁၇။ ၀တ္တရားကြေခြင်း
၁၈။ ကြိုးစားအားထုတ်ခြင်း
၁၉။ ယုံကြည်မှုရှိခြင်း
၂၀။ မိတ်မွဲ့စိတ်ရှိခြင်း
၂၁။ ပေးကမ်းစွန့်ကြဲခြင်း
၂၂။ ကျေးဇူးသိခြင်း
၂၃။ ပျော်ရွှင်ခြင်း
၂၄။ ကူညီရိုင်းပင်းခြင်း
၂၅။ ရိုးသားဖြောင့်မတ်ခြင်း
၂၆။ နှိမ့်ချစိတ်ရှိခြင်း
၂၇။ ရယ်ရွှင်မှုနားလည်ခြင်း
၂၈။ လုံ့လ၀ီရိယရှိခြင်း
၃၀။ တရားမျှတခြင်း
၃၁။ သနားကြည်နာခြင်း
၃၂။ ခေါင်းဆောင်းခြင်း
၃၃။ ချစ်ခင်မြတ်နိုးခြင်း
၃၄။ သစ္စာစောင့်ထိန်းခြင်း
၃၅။ ဆုံးမနာယူခြင်း
၃၆။ စနစ်စည်းကမ်းရှိခြင်း
၃၇။ သည်းညည်းခံခြင်း
၃၈။ ဇွဲကောင်းခြင်း
၃၉။ အချိန်မှန်ခြင်း
၄၀။ ကြံရည်ဖန်ရည်ဥရှိခြင်း
၄၁။ ကိုယ်ထူအကိုယ်ထလုပ်ခြင်း
၄၂။ မြဲမြံခိုင်ခံ့သောစိတ်ရှိခြင်း
၄၃။ ကောင်းဆိုးပိုင်းခြားသိခြင်း
၄၄။ ခြိုးခြံချွေတာခြင်း
၄၅။ ခွင့်လွှတ်ခြင်း
၄၆။ ပညာÓဏ်ရှိခြင်းတွေပါပဲ။
အဲသည်(၄၆) မျိုးမှာ တစ်ဝတ်ဖြစ်တဲ့ (၂၃)မျိုးကို ရရှိလာရင်တောင် အောင်မြင်ကျော်
ကြားရမှာပဲ။
အဲသည်(၄၆)မျိုးမှာ တချို့က စိတ်နဲ့ဆိုင်တယ်။ အချို့က ကိုယ်ခန္ဓာကိုယ်နဲ့ဆိုင်တယ်။ တစ်ဦးတည်းနဲ့လည်းရသလို ပတ်ဝန်းကျင်နဲ့ ပတ်သတ်ရတာလည်းရှိပါတယ်။
အချို့အချက်တွေက ချက်ချင်း ထလုပ်ရင်ရသလို၊ အချို့အချက်တွေက အချိန်ယူပြီးလုပ်ရ
တယ်။
သည်အချက်တွေကို မိဘမျိုးရိုးကနေ သင်ပေးလို့ တစ်စတစ်စပြည့်ဝရရှိသွားသူတွေရှိသ
လို အချို့ကလည်း ချန်ပြီး အကြောင်း တစ်စုံတစ်ရာနဲ့ ရတတ်ပါတယ်။
ဘ၀အဆက်ဆက်က ဖြည့်လို့ ပါရမီရခဲ့တဲ့လူတွေလည်း ရှိချင်ရှိမှာပေါ့။
အချက်အလက်တွေထဲက တစ်ခုနှစ်ခုကောင်းကို အားသန်တဲ့ လူတွေလည်း ရှိတယ်။ အားသန်ရင် အားသန်တဲ့ဘက်မှာ ကျော်ကြားတာပဲ။ အကုန်လုံး ဘယ်လုပ်ယူလို့ရမှာလဲလို့ မေးစရာရှိတယ်။ (၄၆)ထဲက တစ်ဝတ်မရရင်တောင် (၁၀)မျိုးတော့ ရအောင်လုပ်ရင် လောက
ထဲမှာ လူတစ်လုံးသူတစ်လုံးဖြစ်ပါတယ်။
တောင်ပေါ်ရောက်ရင် တောင်ပေါ်တက်ရမယ်။
သရယ်သီးစားချင်ရင် သရက်ပင်စိုက်ရမှာပဲ။
ရေကြည်သောက်ချင်ရင် ရေတွင်းတူးရမှာပေါ့။
ကျော်ကြားလိုချင်ရင် ကျော်ကြားနိုင်တဲ့အချက်(၄၆) ချက်ကို ကြိုးစားလိုက်နာမှာ
ဖြစ်တယ်ဗျို့။။။။