"ကဗျာဆရာ" ဆိုတာ ခံစားချက်အပြည့်နဲ့
အပီအပြင် ခံစားပြီး ရသမြောက်အောင်
ရေးဖွဲ့ကြတယ်ဆိုပေမဲ့
ကျုပ် အတွက်တော့
Program တစ်ခုထဲရောက်နေတဲ့
စက်ရုပ်တွေလို မိုးလင်းကတည်းက
ထိုင်စဉ်းစား ... အဖြေက မထွက်
စာတစ်အုပ် ရေးနိုင်အောင်
ငါ ဘာလုပ်ရပါ့ ... အချိန်မှီမှ ပြီးပါ့မလားနဲ့
ဒီကြားထဲ ရာသီဥတုနဲ့ အစားအသောက်က
လူကို မယဉ်ပါးစေဘူး... ဝင်လာတဲ့ အလွမ်း နဲ့
အထီးကျန်ဆန်မှု ကိုလည်း တံခါးပိတ်ထားလို့က မရ
ဆည်ကျိုးသလို ရောက်ရောက်လာတတ်တဲ့
ဇာတိမြေအလွမ်း ကိုလည်း မတွန်းလှန်နိုင်
ဒါနဲ့ ကပျာကယာလေး ချရေးလိုက်တယ်
ကဗျာဆရာ ရေးတာမဟုတ်တဲ့
ကပျာကယာ လေးတစ်ပုဒ်ကိုပေါ့။
herostar
လှပသော ……မတူပီမြို့
အပီအပြင် ခံစားပြီး ရသမြောက်အောင်
ရေးဖွဲ့ကြတယ်ဆိုပေမဲ့
ကျုပ် အတွက်တော့
Program တစ်ခုထဲရောက်နေတဲ့
စက်ရုပ်တွေလို မိုးလင်းကတည်းက
ထိုင်စဉ်းစား ... အဖြေက မထွက်
စာတစ်အုပ် ရေးနိုင်အောင်
ငါ ဘာလုပ်ရပါ့ ... အချိန်မှီမှ ပြီးပါ့မလားနဲ့
ဒီကြားထဲ ရာသီဥတုနဲ့ အစားအသောက်က
လူကို မယဉ်ပါးစေဘူး... ဝင်လာတဲ့ အလွမ်း နဲ့
အထီးကျန်ဆန်မှု ကိုလည်း တံခါးပိတ်ထားလို့က မရ
ဆည်ကျိုးသလို ရောက်ရောက်လာတတ်တဲ့
ဇာတိမြေအလွမ်း ကိုလည်း မတွန်းလှန်နိုင်
ဒါနဲ့ ကပျာကယာလေး ချရေးလိုက်တယ်
ကဗျာဆရာ ရေးတာမဟုတ်တဲ့
ကပျာကယာ လေးတစ်ပုဒ်ကိုပေါ့။
herostar
လှပသော ……မတူပီမြို့
တောတောင် မှိုင်ဖြာ
တောင်တောသာ
မြူတွေ ရင်ဆိုင် တောင်တွေဝိုင်း
တည်ညာမြေ မတူပီမြေ……
ထင်ပေါ်ကျော်ကြား ဘုံတလာ ရေတခွန်
ကြားဖူး သူတိုင်းသွားချင်ကြ
ရောက်ဖူး သူတိုင်း ပျော်ရွှင်ကြ
သာဘ၀ အလှတရားတွေနဲ့ ပြည့်လျှံလို့
ရှ့မ၀နိုင်ကြည့်ချင်လှ
စိတ် နုလုံးကြည်းနုး ချမ်းမြေ့သွား
ဒါတို့ရဲ့ မတူပီမြို့ပါ……
ဘယ်မြိုနဲ့မှမတူ တမူထူးခြားလို့
မြို့၏အမည်မှာ မတူပီမြို့လို့
ခေါ်မည့်ရခြင်းဖြစ်တယ်……..
လှိုက်လှဲပျူငှာစွာ ဖိတ်ခေါ်ကြိုဆို အမြဲတမ်း…သူငယ်ချင်း
ရေး ဆလိုင်း တီမော်သဲ စန်မ
ဒို့ ချင်းဂုဏ်ရည်
နှင်းငွေဖုံးလွှမ်း တောင်ပြာတန်းနဲ့
မြွေလိပ်မြွေကောက် မြေနီကားလမ်း
လျိုးမြောင်တောင်ကြား မြစ်စိမ်းပြာမှာ
ဒို့ ချင်းပြည်ရဲ့ အလှမာန်ပါ…..
ရိုးရာဓလေ့ ခေါင်ရည်ပွဲနဲ့
တမူထူခြား ၀ါညှပ်အက
တစိမ်းဆိုလည်း လှိုက်လှဲပျူငှာတတ်တာ
ဒို့ ချင်းတွေရဲ့ရိုးသားမှုပါ…..
ဒို့မျိုးဂုဏ်ရောင် တိုးတတ်ဖို့ရေး
အတ္တကိုဖယ် မာန်ကိုရှင်းလျှက်
ရှေ့ဆက်တိုးလှမ်း ကြိုးပမ်းဖို့ရာ
ဒို့ ချင်းတွေရဲ့ ကိုယ်စီဝန်ပါ……
ချင်းရဲ့သက်သေ ငှက်အောက်ချင်းနှယ်
ရဲရင့်တည်ကြည် သစ္စာခိုင်မြဲ
ရိုးသားမှုကို အဓိဌာန်တည်၍
ချင်းတို့ ဂုဏ်ကိုမြှင့်တင်ကြပါစို့…….
ရေးသူ- ဆလိုင်း အောင်ဖေ စာ(င်)မာ့
နှလုံးသား…….ခံစားချက်
ရင်ခုန်တာ နင်မသိပေမဲ့
နင်သိအောင်လည်း ငါမပြောတတ်ပါ
ဝေဒနာ မမြင်မိသူအတွက်
မြင်မိအောင်လည်း မပြတတ်ပါ……..
ရင်ခုန်သံ မျက်နှာချင်း ဆိုင်ချင်သူမို့
ဗလာကျင်းတဲ့ နှင့်နှလုံးသားမှာ
မုန်းပွားစရာ အချစ်လည်း မဖြည့်လိုတော့ပါ
လိုအင်တွေကို အကျဉ်းချုပ်
သိမ်းထုပ်လို့ လုံခြုံစွာ
လိုအင်တွေကို ရေမှာမျှော
နှင်မသိ မမြင်ပေမဲ့
အစဉ်ရှိနေ အချစ်တေးတို့
သခင်ဝေတဲ့ ငါ့ရင်ခွင်မှာ
ပေးဆပ်ဖို့ ရှင်သန်
ဒဏ်ရာတွေ နှင်မရအောင်
ဟန်ဆောင် အချစ်တွေနဲ့ ဖုံးကွယ်ရင်းနဲ့ပဲ
အမြဲ ထာဝရ ချစ်နေတော့မယ်…………ချစ်သူရယ်
(ဇလမ်းတစ်ခုက ကောက်ရေးရခြင်းဖြစ်ပါတယ်)
ချစ်ကြီးသူရဲ့
မေ့ပစ်လို့ မရတဲ့ ငါရဲ့အချစ်
ချစ်ခဲ့ပြီးမှ ငါ့ရဲ့ အချစ်ဆိုးကြီး
မင်းလေး နားမလည်းပေးနိုင်တဲ့ ငါ့ရဲ့ အချစ်
လွယ်ကူစွာ ယုံပြီး
ချစ်ခဲ့မိတဲ့ ငမိုက် နှလုံးသား
တန်းဖိုး မထားပေးတဲ့
ငါ့ရဲ့အချစ်
မင်းလေးရဲ့ အချစ်နဲ့
နားလည်းပေးပါလို့ ပြောခဲ့ပေမဲ့
အလေးနက် မထားတဲ့ ငါ့ရဲ့ အချစ်
အခုတော့ ဒိုင်ယာရီ
ပုံပြင်လေးလို ဖြစ်ခဲ့ပြီးပေါ……….လမင်းလေးရယ်
ရေး-ဆလိုင်း တီမော်သဲ စန်မ
ခွဲခွါ နှလုံးသား
မဖြစ်နိုင်မှန်သိလျက်နဲ့……..ချစ်ခဲ့မိလို့
ခွဲခွါမှ ကြေးကွဲရတဲ့
ငါ့နှလုံသား
ချစ်ခဲ့ပြီးမှ မေ့ပစ်လို့မရတဲ့
ငါတို့ နှစ်ယောက်ရဲ့ ချစ်သံယောဇဉ်
ခွဲခွါပြီးမှ သေချင်လောက်အောင်
ခံစားရတဲ့ ငါ့နှလုံးသား
သာစီးလို့ မရလောက်အောင်
အလိုလို စီးထွက်လာတဲ့
မျက်ရည် မိုးတွေကို
ငါဘယ်လို သာစီးရမှာလဲ…………ချစ်သူလေးရယ်…….
(သူငယ်ချင်း -စံလွင်း)
ပညာ
ပညာ လှေငယ်ရွက်လွှက် နေခိုက်
အချစ်ဆိုတဲ့ မုန်းတိုင်းဒဏ်ကြောင်
သင်၏ ဘ၀ မနှစ်မြုပ်ပါစေနဲ့
ပညာကိုသာ ဦးစားပေးပါလို့
တိုက်သွန်းပါရစေ……….သူငယ်ချင်း……….
(ရေးသူ- သူငယ်ချင်း တစ်ယောက်)
ဟေး …….သူငယ်ချင်း
ဟေး…သူငယ်ချင်း မင်းစဉ်စားကြည့်
တွေးတော ကြည့်စမ်း
မရှိဆင်းရဲ တောရွာထဲမှာ
လူမွဲ ဖြစ်ရပ် တို့ဘ၀သည်
ချိန်တိုင်း အောက်ကျခဲ့လေပြီ
ဆင်းရမှုဒဏ် တို့တော်လှန်ဖို့
မင်းရော ၊ ငါရော
မြို့ပေါ်တက်ပြီး
ပညာ သင်ခဲ့ကြတယ်နော်
ပညာ သင်ချိန်၊ စာသင်ချိန်မှာ
အချိန်းကိုဖြုန်း၊ ငွေကိုဖြုန်းလျက်
လုံးဝ ပညာ မသင်ပါက
ဘယ်သူ နှစ်နာမှာလဲ………..သူငယ်ချင်း…
(ကျနော်သိပ်လေးစားတဲ့ ဆရာ-အောင်ကျော်ငြိမ်း)
လေပြည်(s
အမေသို့
အမေသို့
မှိုင်းရီရီ ညို့မှိုင်းမှိုင်း
တောင်တန်းကြီးတွေနဲ့
စိမ်းစိုစို လယ်ကွင်းကြီးတွေ မြင်တိုင်း
အမေနဲ့ရွာကိုလွမ်းတယ်
ကြည်လင်စွာနဲ့စီးနေတဲ့
ပြာနှမ်းနှမ်းမြစ်ဧရာကိုမြင်တိုင်း
အမေနဲ့ရွာကိုလွမ်းတယ်
နွေခေါင်ခေါင်..........
မာန်အပြည့်နဲ့
ရက်စက်စွာ...နေသူရိန်မြင်တိုင်း
အမေ့ဘ၀အတွက်အမေ့ကိုစာနာမိတယ်
အိမ်နဲ့ဝေးအမေနဲ့ဝေးလို့
စိတ်မချဘဲနဲ့တော့ မနေပါနဲ့အမေ
မဆီမဆိုင်ဆွေမျိုး
သားမှာ....ရှိတယ်အမေ............။လေပြည်
တောင်တန်းကြီးတွေနဲ့
စိမ်းစိုစို လယ်ကွင်းကြီးတွေ မြင်တိုင်း
အမေနဲ့ရွာကိုလွမ်းတယ်
ကြည်လင်စွာနဲ့စီးနေတဲ့
ပြာနှမ်းနှမ်းမြစ်ဧရာကိုမြင်တိုင်း
အမေနဲ့ရွာကိုလွမ်းတယ်
နွေခေါင်ခေါင်..........
မာန်အပြည့်နဲ့
ရက်စက်စွာ...နေသူရိန်မြင်တိုင်း
အမေ့ဘ၀အတွက်အမေ့ကိုစာနာမိတယ်
အိမ်နဲ့ဝေးအမေနဲ့ဝေးလို့
စိတ်မချဘဲနဲ့တော့ မနေပါနဲ့အမေ
မဆီမဆိုင်ဆွေမျိုး
သားမှာ....ရှိတယ်အမေ............။လေပြည်