သင်၏ ဝေဖန်၊အကြံပေးခြင်းသည် ကျွန်တော့်အတွက် တိုးတတ်မှုလမ်း(သို့) အောင်
မြင်မှုလမ်းလည်း ဖြစ်သလို သင်၏အဖိုးမဖြတ်နိုင်သော ကျေးဇူးလည်းဖြစ်၏။
အားလုံးကို ခင်မင်လေးစားစွာဖြင့်....ဆလိုင်း တီမော်သဲ စန်မ

Thursday, October 20, 2011

ချင်း ဇလပ်မြေပေါ်က တောင်ပေါ်သား

                   ကျနော့် ဝါသနာ ကွန်ပျူတာ


ကွန်ပျူတာ ပညာဆိုတာကလဲ ကျနော်လေ့လာ သိသလောက်က လွယ်သလိုလိုနဲ့အရမ်းကိုခက်ခဲလှပါတယ်…လ၊နှစ်တွေ ပြောင်းလဲသလို ကွန်ပျူတာ ပညာမှာလဲ အမျိုးမျိုးပြောင်းလဲနေပါတယ်….အဲ့ဒါကို ကွန်ပျူတာလေ့လာတဲ့ သူတိုင်းသိမှာပါ…ကျနော်ကလည်း ကွန်ပျူတာပညာရပ်ကိုအရမ်းလေ့လာစိတ်ဝင်စားပါတယ်...ဘာဖြစ်လိုလဲဆိုတော့ ကွန်ပျူတာကြောင့် လောကကြီးဟာလည်းအမျိုးမျိုးပြောင်းလဲတာကို တွေ့ရပါတယ်...သိပွံပညာရှင်တွေကိုလည်းဒီ ကွန်ပျူတာကို သုံးခြင်းအားဖြစ် သူတို့ရဲ့ အသိပညာ၊အသတ်ပညာတွေကို ပိုမိုတိုးတက်စေ
တာကို အများကြီးတွေ့ရပါတယ်…ကွန်ပျူတာရဲ့စွမ်းအားကြောင့် နိုင်ငံ တစ်နိုင်ငံလည်းလွယ်ကူစွာဆက်သွယ်နိုင်တာကို တွေ့ရပါတယ်… ကျနော် ကွန်ပျူတာ ပညာကို စိတ်ဝင်စားတယ်ဆိုပေမဲ့ ဘာကိုမှ မသိသေးပါဘူး…...ဘာကြောင့်လဲဆိုတော့ လေ့လာနေဆဲဖြစ်လို့ပါ…..
ကျနော့်ကိုအကြံပေး(သို့) ပြောပြတဲ့လူကိုအထူးပဲကြိုဆိုနေပါတယ်.. ကျနော့်ရဲ့ အားနည်းချက်ကို သင်တို့နားလည်းပေးပါ…
ပြောရမယ်ဆိုရင်ကျွန်တော်ဘလော့ဂ်လုပ်တာသိပ်မကြားသေးပါဘူး။ ကျွန်တော်ဒီဘလော့ဂ်လုပ်ချင်တာကတော့တော်တော်ကြာပြီဒါပေမဲ့ ဘယ်လို လုပ်ရမှာလဲ ဘယ်ကနေစပြီးတော့ လုပ်ရမှာလဲ ဆိုတဲ့ အကြောင်းတွေကိုအမြဲတမ်းစဉ်စားပြီး လေ့လာနိုင်သမျှ လေ့လာတယ် ပြီးတော့ကွန်ပျူတာကိုင်းနေတဲ့အချိန်တိုင်းမှာဒါတွေကိုပဲအမြဲတမ်းလေ့လာပြီး
တော့မှတ်ထားတယ်။ ကျွန်တော့်စိတ်ကူးထဲမှာတော့ တစ်နေ့ကျရင် ကျွန်တော်လည်းသူတို့လုပ်နိုင်သလိုလုပ်နိုင်ရမယ်ဆိုတဲ့စိတ်ကူးနဲ့ပေါ့။ ဥပမာမသင်ခဲ့ရရင်တောင်မှာလေ့လာပြီးလုပ်နိုင်ရမယ်ဆိုတဲ့စိတ်ဓါတ်နဲ့ပေါ့။ အဲ့လေဘာပဲ ဖြစ်ဖြစ် ကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေ ကျွန်တော်ဒီလိုမျိုး ဖြစ်အောင်လုပ်နိုင်တာ တော်လုပ်မဟုတ်ပေမဲ့ ဒီလိုမျိုးဖြစ်အောင်လုပ်နိုင်တာကိုပဲကိုယ့်ကိုကိုယ်အရမ်းဝမ်းသာကျေးနပ်မိသလို အရမ်းလည်းပျော်ရွှင်ပါတယ်။ကျွန်တော်လုပ်တာထက်ပိုးပြီးတော့ ကောင်းတဲ့ ဘလော့ဂ်ကောင်းတွေအများရှိပြီဆိုတာကျွန်တော်သိပါတယ်။ ကျနော်လည်းပဲအတတ်နိုင်ဆုံးကြိုးစားပြီးတော့အကောင်းဆုံးဖြစ်အောင် ပရိတ်သတ်တွေကိုသင်ပြရေးသွားမှာပါ………ပြီးတော့ကျွန်တော်အစမှာ ဘလော့ဂ်ထဲမှာစာတွေ၊ဘာတွေရေးရတာအဲ့ဒီလောက်ထိခက်ခဲလိမ့်မယ် မထင်ခဲ့ဘူးဒါပေမဲ့အခုကိုယ်တိုင်းကိုယ်ကျရေးပြီးမှပဲဘယ်လောက်ထိခက်ခဲ
လဲဆိုတာသိလာတယ်ပြီးတော့စာဖတ်ပရိတ်သတ်တွေဘယ်လိုစိတ်ဝင်စားအောင်ရေးမှာလဲ
ဆိုတဲ့စာသားကောင်းတွေလည်းရေးဖို့လိုသေးတယ်လေ။။။ တစ်နေ့ပြီးတေစ်နေ့ကိုယ့်ဘလော့ဂ်မှာဘာစာတွေကို ရေးတင်မှာလ်ဲပြီးတော့ စာဖတ်ပရိတ်သတ်တွေဘယ်စာကိုPostတင်တဲ့အချိန်မှာစိတ်ဝင်စားမှာလဲ ဆိုတဲ့ အတွေးတွေက အမြဲတမ်ဲးကောင်းထဲ စဉ်းစား နေရတယ်။ (စာဖတ်သူတွေ နည်းနည်းပြောချင်တာကတော့ ဘလော့ဂ်တိုင်းမှာ ဘလော့ဂ်ဂါသမားတွေရေးထားတဲ့စာတွေကိုကျေးဇူးပြုပြီးမကောင်းရင်တောင်မှ လေးစားရုဏ်ပြုစွာနဲ့ ကောင်းကောင်းလေးဖတ်ပြီးတော့ ချီးကျုးစကားပြောဆိုစေချင်တယ်ပြီးတော့ ကိုယ့်ဘက်ကကောင်းတဲ့ အကြံညဏ်ပေးချင်တယ်ဆိုရင် အချိန်မရွေးပေးနိုင်ပါတယ်။ ဒါမှ ဘလော့ဂ်ဂါသမားတွေတိုးတက်မှာ…….ဥပမာပြောရရင်ဒီဘလော့ဂ်ဂါသမားဟာလည်း အနုပညာသမားတွေနဲ့ အတူတူပါပဲ။ အနုပညာသမားလည်း သူတို့ရဲ့ ပရိတ်သတ်တွေ အားပေးမှုကောင်းမှ တိုးတက်အောင်မြင်သလို ကျွန်တော့်တို့ ဘလော့ဂ်ဂါသမားတွေလည်း စာဖတ်ပရိတ်သတ်များ
အားပေး၊ ဝေးဖန်မှုရှိမှ တိုးတက်အောင်မြင်တဲ့ ဘလော့ဂ်ဂါသမားတွေ ဖြစ်မှာ……

အားလုံးကို ကျေးဇူးတင်လျှက် ဆက်လက်ကြိုစားနေအုံးမယ်………..
                                                             ဆလိုင်း တီမော်သဲ စန်မ

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes